၂၁ ပင်လုံ စတုတ္ထအစည်းအဝေး သတ်မှတ်ချိန်တွင်ကျင်းပနိုင်ရေး လက်တွဲဆောင်ရွက်ရန် အစိုးရနှင့် NCA ထိုးအဖွဲ့များ သဘောတူ
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ပင်လုံ စတုတ္ထအစည်းအဝေး သတ်မှတ်ချိန်တွင်ကျင်းပနိုင်ရေး လက်တွဲညီညီ ၀ိုင်းဝန်း ဆောင်ရွက်သွားဖို့ အစိုးရနှင့် NCA ထိုးအဖွဲ့များ ရန်ကုန်မြို့ NRPC မှာ နှစ်ရက်တာအစည်းအဝေးကနေ သဘောတူညီခဲ့တယ် လို့ NCA-S-EAO ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် RCSS မှ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။