ပဲခူးတိုင်းအစိုးရထံ စက်ရုံ ၄၈ ရုံက အခြေအနေကို တင်ပြထားပြီး ကုန်ကြမ်းပြတ်၍ ပိတ်ရနိုင်သည့် စက်ရုံများရှိနေ

ပဲခူးတိုင်းအစိုးရထံ စက်ရုံ ၄၈ ရုံက အခြေအနေကို တင်ပြထားပြီး ကုန်ကြမ်းပြတ်၍ ပိတ်ရနိုင်သည့် စက်ရုံများရှိနေ
Published 4 March 2020

 

 

ကိုရိုနာဗိုင်းရပ်စ် ဖြစ်စဉ်ကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်း လာရောက် ရင်းနှီးမြုပ်နှံတဲ့ ပြည်ပအခြေစိုက် စက်ရုံများထဲမှာ ကုန်ကြမ်းပြတ်တောက်မှုများ ရှိလာလို့ ပိတ်သိမ်းမယ့် စက်ရုံများ အတိအကျသိရှိနိုင်ရန် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဖေဖော်ဝါရီ ၂၇ ရက် နောက်ဆုံးထား စာတင်ခိုင်းထားရာမှာ စက်ရုံ ၄၈ ရုံက အခြေအနေတွေ တင်ပြခဲ့ပြီး လအလိုက် ကုန်ကြမ်းပြတ်ပြီး ပိတ်ရနိုင်တဲ့ စက်ရုံတွေရှိနေတယ်လို့ သိရပါတယ်။