လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးကို နားစွင့်ထားကြရန် NCA ထိုးအဖွဲ့များကို RCSS ဥက္ကဋ္ဌ သတိပေး
ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ရာမှာ လက်ရှိ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေး အခြေအနေတို့နဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးပမ်းချမှတ်ဖို့လိုအပ်ပြီး လက်ရှိလွှတ်တော်တွင်းမှာ ဆောင်ရွက်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေး ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်ကို နားစွင့်ထားဖို့လိုအပ်တယ်လို့ NCA လက်မှတ်ထိုးအဖွဲ့တွေကို ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က သတိပေးလိုက်ပါတယ်။