မကျူးကျော်ရန် နို့တစ်စာ ထုတ်ထားသော စားကျက်မြေတွင် ထပ်မံကျူးကျော် စိုက်ပျိုးနေသဖြင့် ပြဿနာဖြစ်မည်ကို စိုးရိမ်နေရဟု ဒေသခံများပြော

မကျူးကျော်ရန် နို့တစ်စာ ထုတ်ထားသော စားကျက်မြေတွင် ထပ်မံကျူးကျော် စိုက်ပျိုးနေသဖြင့် ပြဿနာဖြစ်မည်ကို စိုးရိမ်နေရဟု ဒေသခံများပြော
Published 3 March 2020

 

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ရွှေညောင်ပင်ကျေးရွာအနီးရှိ ဝါးပကန် စားကျက်မြေမှာ ကျွဲနွားပိုင်ရှင်များနှင့် ကျူးကျော်စိုက်ပျိုးသူတွေ ခိုက်ရန် ဖြစ်ပွားကြပြီး ပြင်းထန်သော ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပဲခူးခရိုင်တရားရုံးတွင် အမှုရင်ဆိုင်နေရဆဲဖြစ်ကာ ကျူးကျော်စိုက်ပျိုးခြင်း မပြုရန် တားမြစ်စာ အကြိမ်ကြိမ် ထုတ်ပြန်ထားပေမယ့် ဆက်လက် စိုက်ပျိုးမှုတွေရှိနေတာကြောင့် ပြဿနာ ထပ်မံဖြစ်မှာကို စိုးရိမ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။