မိုင်းကိုင်မြို့နယ်တွင်း တိုက်ပွဲပြန်ဖြစ်မှုကြောင့် ဒေသခံများ အိမ်ပြန်ပြီးမှ နောက်တစ်ကြိမ် ပြန်ပြေးရ
ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ဟမ်းငိုင်းကျေးရွာမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ တွေဟာ မတ်လ ၁ ရက် ညနေပိုင်းမှာ အိမ်ပြန်ခဲ့ကြပေမယ့် မတ်လ ၂ ရက်မှာ ပစ်ခတ်မှုတွေ ထပ်ဖြစ်တာကြောင့် မွန်းလွဲပိုင်းမှာ ပြန်လည် ထွက်ပြေးနေရတယ်လို့ ဒေသခံများထံမှ သတင်းရရှိပါတယ်။