ရွှေစာရံတပေါင်းပွဲတော် မစသေးသော်လည်း ထန်းရွက်ပုတီးသည်များ စတင်ရောင်းချနေပြီဖြစ်

ရွှေစာရံတပေါင်းပွဲတော် မစသေးသော်လည်း ထန်းရွက်ပုတီးသည်များ စတင်ရောင်းချနေပြီဖြစ်
Published 1 March 2020

မန္တလေးမြို့အနီးမှာထင်ရှားတဲ့ ပုသိမ်ကြီးမြို့နယ် ရွှေစာရံကျေးရွာမှ သမိုင်းဝင်ရွှေစာရံဘုရား ဗုဒ္ဓပူဇနိယ ပွဲတော်ကို နှစ်စဉ်တပေါင်းလပြည့်နေ့ (ယခုနှစ် မတ်လ ၈ ရက်)မှ စတင်သွားမှာဖြစ်ပြီး ဗမာစျေးတန်းမှာ ရောင်းချတဲ့ ရွှေစာရံ ဘုရားပွဲတော်သင်္ကေတ ထန်းရွက်ပုတီးအရောင်းဆိုင်တွေမှာ ပွဲတော်ရက်မတိုင်မီ တပေါင်းလဆန်း ၁ ရက် (ဖေဖော်ဝါရီ ၂၃ ရက်) ကတည်းက စတင်ရောင်းချနေကြပြီ ဖြစ်တယ်လို့ သိရပါတယ်။