တရုတ်မှကုန်ကြမ်းပြတ်တောက်မှုကြောင့် ကန်ကြီးထောင့်မြို့ ဟွာမှုံအထည်ချုပ်စက်ရုံ ရက်အကန့်အသတ်မရှိ ပိတ်သိမ်း
တရုတ်နိုင်ငံတွင် ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်စဉ်ကြောင့် ကုန်ကြမ်း ပိတ်လိပ်ပြတ်တောက်သွားလို့ ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့ရှိ ဟွာမှုံအထည်ချုပ်စက်ရုံကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်းလိုက်ပြီဖြစ်ကာ အလုပ်သမား ၁၀၀၀ ကျော် လည်း အလုပ်လက်မဲ့ဖြစ်သွားပြီလို့ သိရပါတယ်။