ရန်ကုန်မြို့သို့ လာရောက်လည်ပတ်ခဲ့သည့် ကိုရီးယားနိုင်ငံသူ တစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သတင်းအရ သူမနှင့် အနီးကပ်ထိတွေ့ခဲ့သူ ၂၀ ကျော်အား နှစ်ပတ် စောင့်ကြည့်သွားမည်

ရန်ကုန်မြို့သို့ လာရောက်လည်ပတ်ခဲ့သည့် ကိုရီးယားနိုင်ငံသူ တစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သတင်းအရ သူမနှင့် အနီးကပ်ထိတွေ့ခဲ့သူ ၂၀ ကျော်အား နှစ်ပတ် စောင့်ကြည့်သွားမည်
Published 25 February 2020

 

ရန်ကုန်မြို့သို့ ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၇ ရက်အထိ လေးရက်တိုင်တိုင် လာရောက် လည်ပတ်ခဲ့သည့် အသက် (၃၄) နှစ်အရွယ် ကိုရီးယားနိုင်ငံသူ တစ်ဦးသည် ဖေဖော်ဝါရီ ၂၃ ရက်တွင် ကိုရီးယားနိုင်ငံ၌ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ COVID-19 ဓာတ်ခွဲအတည်ပြုလူနာအဖြစ် စောင့်ကြပ်ကြည့်ရှုကုသမှု ခံယူလျက်ရှိတယ်လို့ သိရပါတယ်။