ယူဂန္ဓာ ပြိုင်ပွဲတွင် သက်ထားသူဇာ ချန်ပီယံဆု ကာကွယ်နိုင်ခဲ့ပြီး ကင်ညာ၌ ဆက်လက်ယှဉ်ပြိုင်မည် (ရုပ်သံ)

ယူဂန္ဓာ ပြိုင်ပွဲတွင် သက်ထားသူဇာ ချန်ပီယံဆု ကာကွယ်နိုင်ခဲ့ပြီး ကင်ညာ၌ ဆက်လက်ယှဉ်ပြိုင်မည် (ရုပ်သံ)
Published 24 February 2020

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာက Uganda International 2020 ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ အိန္ဒိယကစားသမား အာကာရှီနဲ့ ဖေဖော်ဝါရီ ၂၃ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ (၂၁-၁၄၊ ၁၆-၂၁၊ ၂၁-၁၈) မှတ်နဲ့ အနိုင်ရရှိပြီး ချန်ပီယံဆုကိုကာကွယ်နိုင်ခဲ့ပါတယ်။