သီတဂူဆရာတော်ကြီးပုံတူကြေးသွန်းရုပ်ထုကို စစ်ကိုင်းမြို့သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ဝင်းအတွင်းသယ်ဆောင်ထားရှိ
အဘိဓဇမဟာရဋ္ဌဂုရု၊ရွှေကျင်နိကာယဥက္ကဋ္ဌ တွဲဖက် ရွှေကျင်သာသနာပိုင် သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရရဲ့ ပုံတူကြေးသွန်းရုပ်ထုကိုဖေဖော်ဝါရီလ၂၃ရက်နေ့ နံနက်က မန္တလေးမြို့၊ တမ္မဝတီရပ်၊ ပြည့်ဝမြန်မာမှုကြေးသွန်းလုပ်ငန်းအလုပ်ရုံမှ စစ်ကိုင်းမြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ဝင်းအတွင်းသို့ သယ်ဆောင်ထားရှိခဲ့တယ်လို့သိရပါတယ်။