အမြန်လမ်းမကြီး ၁၅၂ မိုင်အနီးတွင် မော်တော်ယာဉ်တစ်စီး ပက်လက်လန်တိမ်းမှောက်ရာမှ တစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၁၅၂ မိုင်အနီးမှာ ဖေဖော်ဝါရီ ၂၂ ရက် မနက်ပိုင်းက နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာတဲ့ မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တာကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာ ရရှိမှုဖြစ်ပွားခဲ့တယ်လို့ ဇီးပင်သာ အမြန်လမ်းမကြီး ရဲစခန်းထံက သိရပါတယ်။