ရန်ကုန်တိုင်းအတွင်း Deposit ကျပ်သိန်း ၁၀၀ မတင်ဘဲဆောင်ရွက်သည့် Outbound Tour များအား ဖမ်းဆီးအရေးယူမည်ဟုဆို

ရန်ကုန်တိုင်းအတွင်း Deposit ကျပ်သိန်း ၁၀၀ မတင်ဘဲဆောင်ရွက်သည့် Outbound Tour များအား ဖမ်းဆီးအရေးယူမည်ဟုဆို
Published 22 February 2020

 

ရန်ကုန်တိုင်းအတွင်း ပြည်ပခရီးသွားလာမှုမှာ ချိတ်ဆက်ဆောင်ရွက်ပေးတဲ့ Outbound Tour လုပ်ဆောင်သူတွေအနေနဲ့ Deposit ကျပ်သိန်း ၁၀၀ တင်ပြီးမှ ဆောင်ရွက်ရန် သတ်မှတ်ခဲ့ပြီး Deposit မတင်ဘဲဆောင်ရွက်တဲ့ Outbound Tour လုပ် ဆောင်မှုတွေကို ကော်မတီဖွဲ့ဖမ်းဆီးအရေးယူခြင်းတွေ လုပ်ဆောင်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင် တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောပါတယ်။