ကာကွယ်ရေး၊ နယ်စပ်ရေးရာနှင့် ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနများ မလုပ်မရှုပ်မပြုတ် လုပ်နေကြောင်း NLD ကိုယ်စားလှယ်ဆွေးနွေးချက် ပြည်ထောင်စုလွှတ်တော် မှတ်တမ်းမှ ပယ်ဖျက်
ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာနတွေ မလုပ်မရှုပ်မပြုတ် လုပ်နေကြောင်း NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ဆွေးနွေးချက်ကို ပြည်ထောင်စုလွှတ်တော် မှတ်တမ်းကနေ နုတ်ပယ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ဖေဖော်ဝါရီ ၂၁ ရက်က ပြောကြားပါတယ်။