သံဈေး မီးလောင်မှုကျွမ်းမှုမှာ ဒုတိယထပ်မှ စတင်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဆိုင်ခန်း ၆၀ခန့်မီးလောင်ပျက်စီးခဲ့ဟုဆို
မီးသတ်ယာဉ်စေလွှတ်မှု Level 5 အဆင့်နဲ့ မီးငြိမ်းသတ်ခဲ့ရတဲ့ လသာမြို့နယ် သံဈေး မီးလောင်ကျွမ်းမှုမှာ ဒုတိယထပ်မှ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဆိုင်ခန်း ၆၀ခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ရန်ကုန်တိုင်းမီးသတ်ဦးစီးမှူး ဦးမျိုးဝင်းက ပြောကြားခဲ့ပါတယ်။