တပ်မတော်သည် အုပ်ချူပ်ရေး၊ နိုင်ငံရေးတွင် စွက်ဘက်မည်မဟုတ် ဗိုလ်များနှင့်တပ်သားများသည် ပါတီနိုင်ငံရေး၊ အုပ်ချူပ်ရေးတွင် ပါဝင်စွက်ဘက်ခြင်းခြင်း အလျဉ်းမရှိစေရဟု ဗိုလ်ချူပ်အောင်ဆန်းက လမ်းညွှန်ခဲ့ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
တပ်မတော်ရဲ့ဖခင် ဗိုလ်ချူပ်အောင်ဆန်းက တပ်မတော်နှင့်စပ်လျဉ်းပြီး ဗမာ့လွတ်လပ်ရေးတပ်မတော်သည် အုပ်ချုပ်ရေး နိုင်ငံရေးနှင့်ပတ်သက်ပြီး အလျဉ်းစွက်ဘက်ခြင်း ပြုလုပ်မည်မဟုတ် ဗိုလ်များနှင့် တပ်သားများသည် ပါတီနိုင်ငံရေး၊ အုပ်ချူပ်ရေးတွင် ပါဝင်စွက်ဘက်ခြင်းခြင်း အလျဉ်းမရှိစေရလို့ နိုင်ငံ၏ စည်းလုံးညီညွတ်ရေးကို ရည်ရွယ်ပြီး ဆောင်ရန် ရှောင်ရန်ကိုလည်း လမ်းညွှန်ခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့ပါတယ်။