လွိုင်ကော် သတ္ထုသန့်စင်စက်ရုံမှ တရုတ်နိုင်ငံသား ၇ ဦးကို ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကာ စောင့်ကြည့် စစ်ဆေးမှုများ ပြုလုပ်နေ
တရုတ်ပြည်မှ အစည်းဝေးတက်ရောက်ပြီး ပြန်လာတဲ့ တရုတ်နိုင်ငံသား နှစ်ဦးနဲ့ အတူနေသူ တရုတ်နိုင်ငံသား ငါးဦးတို့ကို ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်သူတွေအဖြစ် သတ်မှတ်ကာ ၎င်းတို့နေထိုင်ရာ လွိုင်ကော်မြို့ ရေနီကန်ကျေးရွာ သတ္တုသန့်စင်စက်ရုံသို့ သွားရောက်ပြီး နေ့စဉ်ကြည့်ရှုစစ်ဆေးပေးလျက် ရှိနေတယ်လို့ သိရပါတယ်။