ဒဂုံမြို့သစ်မြောက်ပိုင်းရှိ CB ဘဏ်တွင်သေနတ်ဖြင့်ခြိမ်းခြောက်၍ ငွေကျပ်သိန်း ၆၀၀ အားလုယူထွက် ပြေးသွားသူကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့မှထုတ်ပြန် (ရုပ်သံ)
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ပင်လုံလမ်းနဲ့ အဏ္ဏဝါလမ်းသွယ်ထောင့်ရှိ CBဘဏ်မှာ ဝန်ထမ်းတွေကို သေနတ်နဲ့ ခြိမ်းခြောက်ပြီး ဘဏ်မှ ငွေကျပ်သိန်း(၆၀၀)ခန့် လုယူထွက်ပြေးသွားသူကို ဖမ်းဆီးရမိပြီဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။