ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန် ၂၁ ရာစုပင်လုံ နိုင်ငံရေးစကားဝိုင်းများတွင် သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ စေ့စပ်ညှိနှိုင်းအဖြေရှာခြင်းတို့ဖြင့် ပူးပေါင်းပါဝင်ကြရန် သမ္မတ တိုက်တွန်း
၇၃ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့မှာ ဖေဖော်ဝါရီ ၇ ရက်က ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်ခဲ့ကာ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရန် ပြည်ထောင်စုကြီးရဲ့ အနာဂတ်အတွက် အရေးကြီးလှတဲ့ ၂၁ ရာစုပင်လုံ နိုင်ငံရေးစကားဝိုင်းတွေမှာ သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ စေ့စပ်ညှိနှိုင်း အဖြေရှာခြင်းတို့ဖြင့် ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။