ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ထိုင်းမှတစ်ဆင့် ဖိလစ်ပိုင်သို့ ပို့ဆောင်မည့် ငွေကျပ်သိန်း ၃၀၀၀ ကျော် တန်ဖိုးရှိ ICE မူးယစ်ဆေးများ ဖမ်းဆီးရမိ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်လေဆိပ်ကတစ်ဆင့် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့သို့ ပို့ဆောင်မယ့် ငွေကျပ်သိန်း ၃၀၀၀ ကျော် တန်ဖိုးရှိ ICE မူးယစ်ဆေးများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။