မြဝတီမြို့တွင် နဝမအကြိမ်မြောက် ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပခဲ့ပြီး ထိုင်းနိုင်ငံဘက်ကလည်း လာရောက်ယှဉ်ပြိုင်
ကရင်ပြည်နယ် မြဝတီမြို့တွင် နဝမအကြိမ်မြောက် ရိုးရာ ထမနဲထိုးပြိုင်ပွဲကို မြဝတီမြို့ အမှတ် ၄ ရပ်ကွက်ရှိ ရွှေမြင်းဝန်စေတီတော် ပုရဝုဏ်ဝင်းအတွင်းမှာ ဖေဖော်ဝါရီ ၇ ရက် တပို့တွဲလဆန်း ၁၄ ရက် ညနေ ၄ နာရီခန့် ကပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံဘက်ကလည်း လာရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။