၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းများအနေဖြင့် တပ်အတွင်းသို့ ဝင်ရောက်မဲဆွယ်စည်းရုံးခွင့် ရှိမည်မဟုတ်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆို
လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တပ်မဲရုံများ တပ်ပြင်ပမှာရှိရမှာဖြစ်ပေမယ့် ကိုယ်စားလှယ်လောင်းများအနေနဲ့ တပ်အတွင်းသို့ ဝင်ရောက်မဲဆွယ်စည်းရုံးခွင့်တော့ ရှိမှာမဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။