ပြည်ထဲရေးဝန်ကြီးအသစ်အဖြစ် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ခန့်အပ်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေးပို့တင်ပြ(ရုပ်သံ)
■ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအသစ်အဖြစ် တပ်မတော် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ် ကြီးစိုးထွဋ်ကို ခန့်အပ်တာဝန်ပေးသွားလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေးပို့လာတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဒီနေ့ ဖေဖော်ဝါရီ ၆ ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ နိုင်ငံတော်သမ္မတက စာပေးပို့တင်ပြခဲ့ပါတယ်။