ပညာရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မူဝါဒချမှတ် အကောင်အထည်ဖော်ရန် အဓိက မောင်းနှင်အားဖြစ်သည့် အဖွဲ့အစည်းများတွင် ပူးပေါင်းဆောင်ရွက်မှု အားနည်းနေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဆွေးနွေး
ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မူဝါဒချမှတ် အကောင်အထည်ဖော်ရန် အဓိကမောင်းနှင်အားတွေဖြစ်တဲ့ ပညာရေးဝန်ကြီးဌာန၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ၊ အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်တွေဟာ ပူးပေါင်းဆောင်ရွက်မှု အလွန်အားနည်းကြောင်း ဝမ်းနည်းဖွယ်ရာ မြင်တွေ့နေရပြီး လက်ငင်းဖြစ်ပေါ်နေသော ကိစ္စရပ်တွေကို အချိန်မီဖြေရှင်းရာမှာ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ အောင်မြေသာဇံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။