ပြည်ထဲရေးဝန်ကြီးအား မူလစစ်ဘက် တာဝန်များ ပြန်လည်ထမ်းဆောင်စေခြင်းနှင့် အခြားဝန်ကြီးဌာန နှစ်ခုအတွက် ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးကြောင်း
သမ္မတရုံးထုတ်ပြန် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို မူလစစ်ဘက် တာဝန်တွေ ပြန်လည်ထမ်းဆောင်စေဖို့အတွက် ခွင့်ပြုလိုက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးနဲ့ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာနအတွက် ဒုတိယဝန်ကြီးတွေ ခန့်အပ်ကြောင်းကို နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီ ၄ ရက်ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။