မန္တလေး ကျောက်ဝိုင်းတွင် တရုတ်ကုန်သည် ဝင်ရောက်မှု ကျဆင်းနေပြီး နေ့စားကျောက်များသာ အရောင်းအဝယ် ဖြစ်နေ
မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းမှာ တရုတ်နှစ်သစ်ကူး ကာလ အရောင်းအဝယ်အေးတဲ့အပြင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အခြေအနေများကြောင့် ကျောက်ဝိုင်းအတွင်း တရုတ်ကုန်သည် ဝင်ရောက်မှုမှ လျော့နည်း သွားကြောင်း နေ့စားကျောက် အရောင်းအဝယ်ဖြစ်နေသည် ဟု မဟာအောင်မြေကျောက်မျက်ဈေး ပြန်ကြာရေး ဦးကျော်ဦးက ပြောပါတယ်