ငြိမ်းချမ်းရေးအရသာစစ်စစ်ကို ပြည်သူတစ်ရပ်လုံးခံစားနိုင်ရေး ညှိနှိုင်းရေး အဖွဲ့နှစ်ဖက်စလုံး စွမ်းအားရှိသမျှ ကြိုးပမ်းရန် တာဝန်ရှိဟု RCSS မှ ဗိုလ်မှူးကြီးစိုင်းငင်းပြောကြား
ငြိမ်းချမ်းရေးအသီးအပွင့်၊ ငြိမ်းချမ်းရေးအရသာစစ်စစ်ကို ပြည်သူတစ်ရပ်လုံးခံစားနိုင်ရေးအတွက် နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေကစွမ်းအားရှိသမျှ ကြိုးပမ်းလုပ်ဆောင်ဖို့ တာဝန်ရှိတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ NCA အကောင်အထည်ဖော်မှုဆိုင်ရာမူဘောင် ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် RCSS ဗိုလ်မှူးကြီးစိုင်းငင်းကပြောပါတယ်။