နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံသို့ ကိုရိုနာဗိုင်းရပ်စ်သံသယရှိ တရုတ်နိုင်ငံသားတစ်ဦး ရောက်ရှိနေ

နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံသို့ ကိုရိုနာဗိုင်းရပ်စ်သံသယရှိ တရုတ်နိုင်ငံသားတစ်ဦး ရောက်ရှိနေ
Published 3 February 2020

နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှာတင်ထားရတဲ့ ကိုရိုနာဗိုင်းရပ်စ်သံသယရှိ တရုတ်နိုင်ငံသားတစ်ဦးဟာ ကိုယ်အပူချိန်မြင့်မားတာ၊ ချောင်းဆိုးတာနဲ့ နှာစေးတာ စတဲ့ လက္ခဏာများတွေ့ရလို့ ရောဂါရှိမရှိ အတည် ပြုနိုင်ရန် နှာခေါင်းတို့ဘတ်နမူနာများကို ရည်ညွန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂ ရက် ည ၈ နာရီကျော်က သတင်းထုတ်ပြန်ပါတယ်။