တရုတ်နိုင်ငံ ဟူနန်မှ လွိုင်ကော်မြို့ကို မိသားစုနှင့်အတူရောက်ရှိလာသည့် ကိုရိုနာဗိုင်းရပ်သံသယဖြင့် စောင့်ကြည့်နေရသည့် ကလေးငယ် စိုးရိမ်စရာမရှိဟု သိရ
တရုတ်နိုင်ငံ ဟူနန်နယ်မှ မန္တလေးလေဆိပ်သို့ဆိုက်ရောက်ပြီး လွိုင်ကော်မြို့သို့ရောက်ရှိလာတဲ့ ခရီးသည်များ ထဲမှ ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူ ၂ နှစ် ၂ လ ကလေးငယ်အား မိဘတွေနဲအတူ အထူးစောင့်ကြည့် နေပြီး စိုးရိမ်စရာမရှိဘူးလို့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ လွိုင်ကော်ဆေးရုံကြီးကလေးကုသဆောင် တာဝန်ခံ ဆရာဝန်ကြီးဒေါက်တာနီနီသန်း ကပြောပါတယ်။