၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့မှာ AA အဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ၂၀၂၀ ဇန်နဝါရီ ၂၁ ရက်ကျမှ ပြန်လည်လွတ်မြောက်လာတဲ့ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ အမျိုးသား လွှတ် တော် ကိုယ်စားလှယ် ဦးဝှေ့တင်းဟာ ဇန်နဝါရီ ၃၁ ရက်မှာ ပြည်ထောင်စုလွှတ်တော်သို့ ပြန်တက်ခဲ့ပြီး ဖမ်းဆီးခံထားရစဉ်အတွင်း အခြေအနေတွေအပေါ် မီဒီယာတွေရဲ့မေးမြန်းမှုတွေကို ပြန်လည်ဖြေကြားခဲ့မှုတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဦးဝှေ့တင်းဟာ NLD CEC အဖွဲ့၊ နိုင်ငံတော်သမ္မတတို့နဲ့လည်း တွေ့ဆုံ ခဲ့ပြီး လတ်တလောမှာ စကားအပြောအဆို နည်းနည်းဆင်ခြင်ဖို့ သမ္မတက မှာကြားထားတယ်လို့ ပြောပါတယ်။
AA အဖွဲ့၏ နှစ်လခွဲကျော်ကြာဖမ်းဆီးခံထားရစဉ်အတွင်း ကြုံတွေ့ခဲ့မှုများအပေါ် ဦးဝှေ့တင်းပြောကြားချက်များ