China Southern လေယာဉ်ပေါ်ပါ ဝူဟန်ဗိုင်းရပ်စ် သံသယရှိ တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသား နှစ်ဦးတို့ကို ဝေဘာဂီဆေးရုံတွင် ပို့ဆောင်ထားပြီး ကျန်ခရီးသည်များအားလုံး ပြန်လည် ထွက်ခွာသွားခဲ့
ကွမ်ကျိုးမှ ရန်ကုန်လေဆိပ်ကို China Southern လေယာဉ်နဲ့ လိုက်ပါလာသူ ခရီးသည် ၇၉ ဦးထဲမှ နေမကောင်းဖြစ်နေပြီး ဝူဟန်ဗိုင်းရပ်စ် သံသယရှိသူ တရုတ်နိုင်ငံသား တစ်ဦးကို ဝေဘာဂီ အထူးကုဆေးရုံကို ပို့ဆောင်ထားပြီး မြန်မာနိုင်ငံသား နှစ်ဦးကိုလည်း ဝေဘာဂီဆေးရုံမှာပဲ ၁၄ ရက် စောင့်ကြည့်မှာဖြစ်ကာ ကျန်ခရီးသည် ၇၆ ဦးကတော့ တရုတ်နိုင်ငံကို ပြန်လည် ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။