ထိုင်းနိုင်ငံသူတစ်ဦးက မြန်မာနိုင်ငံသားစိစစ်ရေးကဒ်ပြားပြုလုပ်ပြီး မြန်မာနိုင်ငံသားတစ်ဦးအား တစ်လင်တစ်မယားဥပဒေနှင့် ငွေကြေးရလိုမှုများအတွက် တရားစွဲသောအမှုကို စစ်ဆေးနေဟု တနင်္သာရီတိုင်းဒေသကြီး လဝက၀န်ကြီးပြောကြား
■ ထိုင်းနိုင်ငံသူတစ်ဦးက မြန်မာနိုင်ငံသားစိစစ်ရေးကဒ်ပြားပြုလုပ်ပြီး မြန်မာနိုင်ငံအတွင်းသို့လာရောက်ကာမြန်မာနိုင်ငံသားတစ်ဦးကို တစ်လင်တစ်မယားဥပဒေနှင့်ငွေကြေးရလိုမှုအ တွက် တရားစွဲဆိုထားတဲ့အမှုကိုစုံစမ်းစစ်ဆေးနေပြီး မကြာမီတရာဝင်ထုတ်ပြန်ပေးမယ်လို့ တနင်္သာရီတိုင်းဒေသကြီး၊လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းမြစ်ဝန်ကြီးဦးကျော်မင်းကပြောပါတယ်။