၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဟောပြောမှုများနှင့် ပတ်သက်ပြီး တပ်မတော်ဘက်က တရားစွဲခဲ့သည့် စာရေးဆရာမာန် (တောင်လုံးပြန်) အား ဒဏ်ငွေ ကျပ် ၃ သောင်း (သို့) ထောင်ဒဏ် ၃ လ ကျခံစေရန် အမိန့်ချ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဟောပြောရာမှာ တပ်မတော်ကို ထိခိုက်စေတာတွေ ပါဝင်ခဲ့တယ်ဆိုကာ တရားစွဲခံခဲ့ရတဲ့ စာရေးဆရာမာန် (တောင်လုံးပြန်) အား ရာဇသတ်ကြီးပုဒ်မ ၅၀၀ အရ ဒဏ်ငွေ ကျပ် ၃ သောင်း (သို့) ထောင်ဒဏ် ၃ လ ကျခံစေရန် မြိတ်မြို့နယ် တရားရုံးက ဇန်နဝါရီလ ၂၃ ရက်မှာ အမိန့်ချမှတ်ခဲ့ပါတယ်။