ပြည်သူ့ဘဏ္ဍာငွေများစီမံရာတွင် ရန်ကုန်တိုင်းအစိုးရနှင့် YCDC တို့ တည်ဆဲလုပ်ထုံးလုပ်နည်းများ ချိုးဖောက်ဟု  လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ ဆို 

ပြည်သူ့ဘဏ္ဍာငွေများစီမံရာတွင် ရန်ကုန်တိုင်းအစိုးရနှင့် YCDC တို့ တည်ဆဲလုပ်ထုံးလုပ်နည်းများ ချိုးဖောက်ဟု  လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ ဆို 
Published 23 January 2020

 

■   ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ဝန်ကြီးများရုံးမြေနေရာကို အနော်မာအနုပညာကုမ္ပဏီအား BOT စနစ်နဲ့ ငှားရမ်းထားမှုကိစ္စ၊ ကျပ် ဘီလျံ ၃၀ နဲ့ ၂၅ မီဂါဝပ် မီးစက်ဝယ်ယူတဲ့ကိစ္စနဲ့ ၂၀ ဘီလျံကုန်ကျထားတဲ့ Control Center လုပ်ငန်း ကိစ္စတွေဟာ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းကိုမလိုက်နာဘဲ ပြည်သူ့ဘဏ္ဍာငွေ ဆုံးရှုံးနစ်နာမှုတွေဖြစ်တယ်လို့ ဒေါ်စန္ဒာမင်းက ဆိုပါတယ်။