၂၀၂၀ ရွေးကောက်ပွဲတွင် ကြိုတင်မဲများကြောင့် မဲရလာဒ်ပြောင်းသွားသည့်ဖြစ်စဉ်မျိုးမဖြစ်ပွားရန် တာဝန်ယူကြောင်း UEC ဥက္ကဋ္ဌ ပြောကြား
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလို ကြိုတင်မဲတွေကြောင့် မဲစာရင်းရလဒ်ပြောင်းလဲသွားတဲ့ ဖြစ်စဉ်မျိုးမဖြစ်ပွားစေရန် တာဝန်ယူပြီး ဖြစ်ပွားခဲ့ရင် ဘယ်သူ့ကိုမဆိုအရေးယူသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။