ပြည်သူ့ငွေဖြင့် ရင်းနှီးထားသည့် ကုမ္ပဏီများကို စီမံခန့်ခွဲရာတွင် အရင်းပြုတ်မည့် အနေအထားဖြစ်နေဟုဆို

ပြည်သူ့ငွေဖြင့် ရင်းနှီးထားသည့် ကုမ္ပဏီများကို စီမံခန့်ခွဲရာတွင် အရင်းပြုတ်မည့် အနေအထားဖြစ်နေဟုဆို
Published 22 January 2020

ပြည်သူ့ငွေဖြင့် ရင်းနှီးထားသည့် ကုမ္ပဏီများကို စီမံခန့်ခွဲရာတွင် ဆုံးရှုံးမှု မဖြစ်စေရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ကတိပေးထားသော်လည်း စာရင်းစစ်ချုပ်အစီရင်ခံစာ အနှစ်ချုပ်အရမူ အရင်းပြုတ်မည့် အနေအထား ဖြစ်နေဟု လွှတ်တော်ကိုယ်စားလှယ် ဆို

ပြည်သူ့ငွေနဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေကို စီမံခန့်ခွဲရာမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဆုံးရှုံးမဖြစ်စေဖို့ ကတိပေးထားပေမယ့် စာရင်းစစ်ချုပ်အစီရင်ခံစာ အနှစ်ချုပ်အရတော့ အရင်းပြုတ်မယ့် အနေအထား ဖြစ်နေတယ်လို့ ဒဂုံမြို့နယ်မဲဆန္ဒနယ် အမှတ် - ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။