မြောင်းမြပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ကျေးလက်လမ်းတစ်ခုအား စစ်ဆေးရာတွင် မမှန်မကန် လုပ်ခဲ့သည် ဆိုကာ လမ်းပိုင်းတင်ဒါအောင် ကုမ္ပဏီက ပါတီထံ တိုင်ကြား

မြောင်းမြပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ကျေးလက်လမ်းတစ်ခုအား စစ်ဆေးရာတွင် မမှန်မကန် လုပ်ခဲ့သည် ဆိုကာ လမ်းပိုင်းတင်ဒါအောင် ကုမ္ပဏီက ပါတီထံ တိုင်ကြား
Published 20 January 2020

ကျေးလက်လမ်းပိုင်းတစ်ခုအား အရည်အသွေး မပြည့်မီဘူးလို့ ဒေသခံများတိုင်ကြားချက်များအရ မြောင်းမြမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူက စစ်ဆေးဆောင်ရွက်ရာမှာ အာဃာတထားကာ လုပ်ဆောင်ခဲ့တယ်ဆိုကာ လမ်းပိုင်းတင်ဒါအောင် ကုမ္ပဏီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဗဟိုသို့ တိုင်ကြားခဲ့လို့ ပါတီဗဟိုက ခေါ်ယူစစ်ဆေးခဲ့ တယ်လို့ သိရပါတယ်။