မြန်မာနိုင်ငံကို ထိခိုက်အောင် ဆောင်ရွက်ခြင်းမျိုးကို လက်မခံဟု တရုတ်သမ္မတပြောကြား

မြန်မာနိုင်ငံကို ထိခိုက်အောင် ဆောင်ရွက်ခြင်းမျိုးကို လက်မခံဟု တရုတ်သမ္မတပြောကြား
Published 19 January 2020

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နယ်စပ်ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရန် အရေးကြီးပြီး မည်သည့်အဖွဲ့ အစည်းကိုမှ တရုတ်နိုင်ငံပိုင်နက်ကို အသုံးချပြပြီး မြန်မာနိုင်ငံကို ထိခိုက်အောင် ဆောင်ရွက်ခြင်းမျိုးကို လက်မခံဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတပြောကြား (ရုပ်သံ)

မြန်မာနိုင်ငံမှာ ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E.Mr. Xi Jinping နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဟာ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ Horizon Lake View Resort Hotel ဧည့်ခန်းမဆောင်မှာ တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီလို ဆွေးနွေးစဉ်မှာ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နယ်စပ်ဒေသ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ဖို့ဟာ အရေးကြီးပြီး မည်သည့်အဖွဲ့ အစည်းကိုမှ တရုတ်နိုင်ငံပိုင်နက်ကို အသုံးချပြပြီး မြန်မာနိုင်ငံကို ထိခိုက်အောင် ဆောင်ရွက်ခြင်းမျိုးကို လက်ခံမှာ မဟုတ်ဘူးလို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတပြောကြား လိုက်ပါတယ်။