တောင်ကြီးတက္ကသိုလ်တိုးချဲ့နယ်မြေအတွင်း ကျူးကျော်နေအိမ်များနှင့်အဆောက်အဦများကို ဖယ်ရှားရန်စီစဉ်

တောင်ကြီးတက္ကသိုလ်တိုးချဲ့နယ်မြေအတွင်း ကျူးကျော်နေအိမ်များနှင့်အဆောက်အဦများကို ဖယ်ရှားရန်စီစဉ်
Published 19 January 2020

တောင်ကြီးတက္ကသိုလ်တိုးချဲ့နယ်မြေ ဧရိယာ (၁၁၄.၁၉) ဧကမှာ ကျူးကျော်ထားတယ်ဆိုသော နေအိမ်များကို နောက်ဆုံး အကြိမ် ကွင်းဆင်းစာရင်းကောက်ခြင်း၊ အလံတိုင်အနီရောင် ချည်၍ နယ်နိမိတ်သတ်မှတ်ခြင်း ပြုလုပ်ခဲ့ပြီး ဖယ်ရှား ရှင်းလင်းနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့ထံသို့ ဆက်လက်တင်ပြသွားမယ်လို့ တောင်ကြီးတက္ကသိုလ်၊ စီမံ-ဘဏ္ဍာမှ ဌာနမှူး ဒေါ်နန်း ခမ်းက ပြောပါတယ်။