မန္တလေး ရတနာပုံစျေးအဆောက်အအုံ၌ Sky Walk ပထမထပ် တစ်ထပ်သာ မီးလောင်ကျွမ်းခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထုတ်ပြန်
မန္တလေးမြို့ ချမ််းအေးသာစံမြို့နယ် ရတနာပုံစျေးရှိ Sky Walk ဘက်ခြမ်းမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေ ၆ နာရီခန့်မှစတင်လောင်ကျွမ်းခဲ့သော မီးလောင်ကျွမ်းမှုကို Level 5 အဆင့်သတ်မှတ်ကာ မီးသတ်ယာဉ်စီးရေ ၂၀၀ ကျော်ဖြင့် ၁၁ နာရီကျော် ငြိမ်းသတ်ခဲ့ရပြီး အထပ် ၆ ထပ်မှာ ပထမထပ်တစ်ထပ်သာ လောင်ကျွမ်းခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ စုံစမ်းသိရှိရပါတယ်။