မန္တလေး၊ ရတနာပုံဈေး Sky Walk မီးလောင်မှုဖြစ်ပွားပြီး Level - 5 မီးသတ်ယာဉ်အုပ်စုဖြင့် မီးငြှိမ်းသတ်ခဲ့ရ

မန္တလေး၊ ရတနာပုံဈေး Sky Walk မီးလောင်မှုဖြစ်ပွားပြီး Level - 5 မီးသတ်ယာဉ်အုပ်စုဖြင့် မီးငြှိမ်းသတ်ခဲ့ရ
Published 18 January 2020

ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်အချိန်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၃၄ လမ်း၊ ၇၇x၇၈ ကြားမှာရှိတဲ့ Skywalk အဆောက်အဦ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့ မနက် ၁ နာရီ ဝန်းကျင်ခန့်အထိ အဆောက်အအုံအတွင်းပိုင်းမှာ လှိုက်ပြီးလောင်ကျွမ်းနေခဲ့တယ်လို့  Eleven Media Group မှ သတင်းထောက်တွေရဲ့ သတင်းပေးပို့မှုအရ သိရပါတယ်