၁၉ နှစ်အတွင်း တရုတ်သမ္မတတစ်ဦး၏ ပထမဆုံးခရီးစဉ်အဖြစ် သမ္မတရှီကျင်ပင်း မြန်မာနိုင်ငံသို့ လာရောက်

၁၉ နှစ်အတွင်း တရုတ်သမ္မတတစ်ဦး၏ ပထမဆုံးခရီးစဉ်အဖြစ် သမ္မတရှီကျင်ပင်း မြန်မာနိုင်ငံသို့ လာရောက်
Published 17 January 2020

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင်ပင်းဟာ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဒီနေ့ ဇန်နဝါရီ ၁၇ ရက် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်မှာ အထူးလေယာဉ်ဖြင့် နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာတယ်လို့ သိရပါတယ်။