ကန်ကြီးထောင့် ဟွာမှုံအထည်ချုပ်စက်ရုံ အလုပ်သမားသပိတ် ပြေလည်မှုရ၍ အလုပ်သမားများ လုပ်ငန်းခွင်ပြန်ဝင်
ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့ရှိ ဟွာမှုံ(Hua Meng)အထည်ချုပ်စက်ရုံမှ သပိတ်မှောက်တောင်းဆိုမှုပြုလုပ်နေသော အလုပ်သမားများ နှင့် အလုပ်ရှင်တို့ ဇန်နဝါရီ ၁၃ ရက်နေ့ ညပိုင်းက ဧရာဝတီတိုင်းအစိုးရရုံးတွင် သဘောတူစာချုပ် ချုပ်ဆိုနိုင် ခဲ့လို့ ညတွင်းချင်းသပိတ်စခန်းသိမ်းခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်နေ့ မှာတော့ လုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်ပြီဖြစ်တယ်လို့ သိရပါတယ်။