ဗစ်တိုးရီးယားကိစ္စ ထုတ်ဖော်ပြောကြားချက်များနှင့်ပတ်သက်၍ ရဲမှူးချုပ်နှင့် ရဲမှူးကြီးများကို တရားစွဲခွင့်ပြုရန် သမ္မတထံ လျှောက်ထား
နေပြည်တော် Wisdom Hill မူကြိုကျောင်းမှာဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှုက ကျူးလွန်ခံရသူကလေးငယ် ဗစ်တိုးရီးယားနဲ့ သက်ဆိုင်တာတွေကို ထုတ်ဖော်ပြောကြားချက်များနှင့်ပတ်သက်လို့ ရဲမှူးချုပ်နှင့် ရဲမှူးကြီးနှစ်ဦးနဲ့ ရဲဇာနည် Facebook Page တာဝန်ခံတို့ကို တရားစွဲခွင့်ပြုဖို့ နိုင်ငံတော်သမ္မတထံ မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်းက လျှောက်ထားလိုက်တယ် လို့ သိရပါတယ်။