မှောင်ခိုကုန်သွယ်မှုကို တင်းကြပ် နိုင်စွမ်းမရှိသဖြင့်  ယမကာတင်သွင်းမှုမှ ရသင့်ရထိုက်သည့် အခွန်၏ ငါးပုံတစ်ပုံ ခန့်သာ ရရှိနေဟုသိရ

မှောင်ခိုကုန်သွယ်မှုကို တင်းကြပ် နိုင်စွမ်းမရှိသဖြင့်  ယမကာတင်သွင်းမှုမှ ရသင့်ရထိုက်သည့် အခွန်၏ ငါးပုံတစ်ပုံ ခန့်သာ ရရှိနေဟုသိရ
Published 14 January 2020

ပြည်တွင်းအရက်ချက်လုပ်ငန်းတွေမှ နှစ်စဉ်အခွန်ထမ်းဆောင်မှုအဖြစ် ၂၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃၀ အထိ တိုးမြှင့်ပေးဆောင် နေပေမယ့် မှောင်ခိုကုန်သွယ်မှုကို တင်းကြပ်ပေးနိုင်စွမ်းမရှိတာကြောင့် အစိုးရရဲ့  အရက်၊ ဘီယာ၊ ဝိုင် စတဲ့ ယမကာ တင်သွင်း မှုများမှ ရသင့်ရထိုက်သည့် အခွန်ရဲ့ ငါးပုံတစ်ပုံခန့်သာ ရရှိနေတယ်လို့ မြန်မာနိုင်ငံ ယမကာထုတ်လုပ်ဖြန့်ဖြူးသူများအသင်းထံမှ သိရပါတယ်။