တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာစေတီတော်တွင် နှစ်စဉ်ကျင်းပခဲ့သည့် ရှားမီးပူဇော်ပွဲကို ပိတ်ပင်
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာစေတီတော် တပို့တွဲလပြည့်ညမှာပြုလုပ်မယ့် ရှားမီးပူဇော်ပွဲကို သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးတာကြောင့် ပူဇော်ခွင့်မပြုတော့ဘူးလို့ ဂေါပကအဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။