စစ်ကိုင်းမြို့ ကျော်ထက်ကွေ့တွင် မီးနီစောင့်နေသော ဆိုင်ကယ်အား ၁၂ ဘီးယာဉ်တစ်စီးက ဘရိတ်ပေါက် ဝင်တိုက်မိ
စစ်ကိုင်းမြို့ ပန်းပဲတန်းရပ် ကျော်ထက်ကွေ့မှာ မီးနီစောင့်ဆိုင်းနေတဲ့ ဆိုင်ကယ်အား ကျောက်မီးသွေးတင် ၁၂ ဘီးယာဉ်တစ်စီး က ဘရိတ်ပေါက်ပြီး နောက်ကဝင်ရောက်တိုက်မိတာကြောင့် ဆိုင်ကယ်မှာ ပေ ၅၀ ခန့် တရွတ်တိုက်ပါသွားခဲ့ကာ ဆိုင်ကယ်နှင့် ကားရှေ့ခေါင်းခန်း မီးလောင်ကျွမ်းမှု ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
(Zawgyi)