စစ်ကိုင်းတိုင်းအတွင်းရှိ မြို့အချို့တွင် မြစ်ကမ်းပြို ကာကွယ်ရေးနှင့် ရေလမ်းကောင်းမွန်ရေးအတွက် ကျပ်သန်းပေါင်းကိုးထောင်ကျော် အကုန်အကျခံမည်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ကလေး၊ ကလေးဝ၊ မင်းကင်း၊ ကသာ၊ ယင်းမာပင်၊ ကောလင်းစတဲ့မြို့နယ်တွေမှာ ချင်းတွင်းမြစ်နဲ့ဧရာဝတီမြစ်အပါအဝင် ကမ်းပြိုကာကွယ်ရေးနဲ့ ရေလမ်းကောင်းမွန်ရေးလုပ်ငန်းတွေအတွက် ကျပ်သန်းပေါင်း ၉ ထောင်ကျော်အကုန်ကျခံကာ လုပ်ဆောင်သွားမယ်လို့ တိုင်းဒေသကြီး ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနရုံးရဲ့စာရင်းမှတ်တမ်းတွေအရ သိရပါတယ်။
(Zawgyi ဖြင့် ဖတ်ရန်)