အမေရိကန်ဒေါ်လာ ၂၀၀၀ မှ ၁.၂ သန်းတန်ဖိုး ရှိ လက်ဝတ်ရတနာ လေလံတင်ရောင်းချပွဲ ရန်ကုန်မြို့တွင်ကျင်းပ
ရန်ကုန်တိုင်း ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းက ဦးဆောင်ကျင်းပတဲ့ တတိယကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာအချောထည်နဲ့ လက်ဝတ် ရတနာပြပွဲကို ရန်ကုန်မြို့ Lotte Hotel မှာ ဇန်နဝါရီလ ၁ဝရက်နေ့မှာစတင် နေပြီလို့ သိရပါတယ်။