Food Court ကိစ္စဆန္ဒပြနေမှုမှာ ကျောင်းသားကျောင်းသူ၊ဆရာနှင့် ဝန်ထမ်းများကို အနှောင့်အယှက်ဖြစ်စေဟု မန္တလေးတက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့ ဆို
မန္တလေးတက္ကသိုလ်အတွင်း မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဆန္ဒထုတ်ဖော်နေမှုမှာ အေးချမ်းစွာ ပညာ သင်ကြားနေတဲ့ ကျောင်းသား၊ကျောင်းသူတွေ၊ဆရာ၊ဆရာမတွေနဲ့ ဝန်ထမ်းတွေကို လွန်စွာစိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့ မန္တလေးတက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့က ဇန်နဝါရီလ ၁၀ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။