တောင်ကြီးမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျောင်းပေါင်း ၁၀၀ ကျော်မှ သံဃာတော်အပါး ၁၃၈၀ ကျော်တို့ကို ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြ
ရှမ်းပြည်နယ် တောင်ပိုင်းမြို့တော်၊ တောင်ကြီးမြို့တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီး (၅၁) နှစ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးကို ပြာသိုလပြည့် ၊ ဇန်နဝါရီလ ၉ ရက် နေ့လည် ၁ နာရီခန့်အချိန်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။